ကံစမ်းမဲ · Oct 7 – Dec 31
We9 · Plus Sense ကို 50,000 ကျပ် ဝယ်တိုင်း coupon ၁ စောင်
✦ ဆုကြီး ၃ ဆု ✦
ဇန်နဝါရီလအတွင်း မဲဖောက်မည်
iPhone 18 Pro Max 256GB၁ ဆု
Apple Watch SE 3 44mm Starlight၁ ဆု
AirPods 5၁ ဆု
၆၀၀ဆု
Face & Body care ပစ္စည်း
ခဏစောင့်ပါ…
Account မရှိသေးရင် Telegram (သို့) ဖုန်းနံပါတ်နဲ့ ဝင်လိုက်တာနဲ့ အသစ်ဖွင့်ပေးပါတယ်
စည်းကမ်းချက်များ
၁။ ကာလ
- ၂၀၂၆ အောက်တိုဘာ ၇ ရက် မှ ဒီဇင်ဘာ ၃၁ ရက် အတွင်း ဝယ်ယူသော order များ ပါဝင်ပါသည်။
၂။ ကံစမ်းမဲ ရပုံ
- We9 နှင့် Plus Sense ပစ္စည်းများကို ၅၀,၀၀၀ ကျပ်ဖိုး ဝယ်ယူတိုင်း ကံစမ်းမဲ ၁ စောင် ရပါမည်။
- ပို့ခ (delivery fee) မပါဘဲ ပစ္စည်းတန်ဖိုးဖြင့်သာ တွက်ပါမည်။
- တစ်ကြိမ်ဝယ်ယူမှုတွင် ရနိုင်သော မဲအရေအတွက် ကန့်သတ်ချက် မရှိပါ။ ဥပမာ ၁၂၀,၀၀၀ ကျပ်ဖိုး ဝယ်ယူပါက ၂ စောင်။ ၅၀,၀၀၀ ကျပ် မပြည့်သော အပိုငွေကို နောက် order နှင့် ပေါင်းမတွက်ပါ။
- ငွေအပြည့်ချေပြီးမှ ကံစမ်းမဲ ထုတ်ပေးပါမည်။
- လက်ဆောင် / ဆုပစ္စည်းအဖြစ် ပေးသော (FOC) order များတွင် ကံစမ်းမဲ မရပါ။
၃။ ကံစမ်းမဲ ကြည့်ရှုပုံ
- we9group.site/luckydraw တွင် Telegram (သို့) ဖုန်းနံပါတ် (SMS OTP) ဖြင့် ဝင်ရောက်ပြီး ကိုယ်ပိုင် ကံစမ်းမဲ နံပါတ်များကို ကြည့်ရှုနိုင်ပါသည်။
- Order တင်သော ဖုန်းနံပါတ်ဖြင့်သာ ဝင်ပါ။ နံပါတ်မတူပါက ကံစမ်းမဲများ မပေါ်ပါ။
- ဝယ်ယူပြီးနောက် ကံစမ်းမဲ ပေါ်လာရန် ၁ ရက်အထိ ကြာနိုင်ပါသည်။
၄။ ကံစမ်းမဲ ပယ်ဖျက်ခြင်း
- Order ကို ပယ်ဖျက် (Cancel) သို့မဟုတ် ပစ္စည်းပြန်အပ် (Return) ပါက ထို order မှ ရသော ကံစမ်းမဲများ အလိုအလျောက် ပယ်ဖျက်ပါမည်။ တစ်စိတ်တစ်ပိုင်း ပြန်အပ်ပါက ကျန်ရှိသော ပစ္စည်းတန်ဖိုးဖြင့် ပြန်တွက်ပါမည်။
- မမှန်ကန်သော နည်းလမ်းဖြင့် ရယူထားသော ကံစမ်းမဲများကို ကုမ္ပဏီက ပယ်ဖျက်ပိုင်ခွင့် ရှိပါသည်။
၅။ ကံစမ်းမဲ လွှဲပြောင်းခြင်း
- ကိုယ့်ကံစမ်းမဲကို အခြားသူထံ ဖုန်းနံပါတ်ဖြင့် လွှဲပေးနိုင်ပါသည်။ လက်ခံမည့်သူတွင် account ရှိရပါမည်။
- မလွှဲမီ လက်ခံသူ၏ အမည်ကို ပြပါမည်။ သေချာစစ်ဆေးပြီးမှ အတည်ပြုပါ။ လွှဲပြီးပါက ပြန်ယူ၍ မရပါ (လက်ခံသူက ပြန်လွှဲပေးမှသာ ရပါမည်)။
- ဒီဇင်ဘာ ၃၁ ရက် နောက်ပိုင်း လွှဲပြောင်း၍ မရတော့ပါ။
၆။ ဆုများ
- Face & Body care ပစ္စည်း ဆု ၆၀၀
- ဆုကြီး ၃ ဆု — iPhone 18 Pro Max 256GB · Apple Watch SE 3 (44mm) · AirPods 5
- ဆုကြီးများကို ၂၀၂၇ ဇန်နဝါရီလအတွင်း မဲဖောက်ပါမည်။ မဲဖောက်မည့် ရက်ကို ကြိုတင် ကြေညာပါမည်။
၇။ မဲဖောက်ခြင်း
- Facebook Live ဖြင့် လူအများရှေ့ မဲဖောက်ပါမည်။
- ကံစမ်းမဲ ၁ စောင်သည် မဲဖောက်ပွဲတစ်ခုတွင် ဆု ၁ ဆုသာ ပေါက်နိုင်ပါသည်။ ကံစမ်းမဲ အများအပြား ရှိသူသည် ဆုအများအပြား ပေါက်နိုင်ပါသည်။
၈။ ဆုလက်ခံခြင်း
- ဆုရှင်များကို ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားပါမည်။ We9 Facebook Page တွင်လည်း ကြေညာပါမည်။
- ဆုပစ္စည်းများကို မြန်မာနိုင်ငံတွင်းသာ ပို့ပေးပါမည်။ ပို့ခကို ဆုရှင်က ကျခံရပါမည် (အိမ်ရောက်ငွေချေ)။
- ဆုပစ္စည်းကို ငွေသားဖြင့် လဲလှယ်၍ မရပါ။ ဆုပစ္စည်း ပြတ်လပ်ပါက တန်ဖိုးတူ ပစ္စည်းဖြင့် အစားထိုး ပေးပါမည်။
- ဆုကြီးရှင်များ မှတ်ပုံတင် ပြသရပါမည်။
၉။ အထွေထွေ
- We9 / Plus Sense ဝန်ထမ်းများ ပါဝင်ခွင့် မရှိပါ။
- စည်းကမ်းချက်များကို ကုမ္ပဏီက လိုအပ်သလို ပြင်ဆင်ပိုင်ခွင့် ရှိပါသည်။ ပြင်ဆင်ပါက Facebook Page နှင့် ဤစာမျက်နှာတွင် ကြေညာပါမည်။
- အငြင်းပွားမှု ရှိပါက ကုမ္ပဏီ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။